welcome to my blog
Monday, April 7, 2014
Xperia Z1 Compact D5503 14.3.A.0.681 (4.4.2 ) Firmware !
ဒါကြောင့် Z1 Compact 4.4.2 Firmware လေးပါတင်ပေးလိုက်ပါတယ်ဗျာ….
ဒေါင်းလိုက်ပါအုန်းလို့ 
Z1 compact
Download ( Z1 Compact 4.4.2 Firmware ) Mega Link
Download ( Z1 Compact 4.4.2 Firmware ) Google Drive Link
Download ( Z1 Compact 4.4.2 Firmware ) Uloz Link
Credit To : XDA Developer..
အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းရင်း……
shan song
Windows 8.1 Update ကိုဧပြီ ၈ ရက်တွင် Microsoft အခမဲ့ဖြန့်ချီမည်
Microsoft onf Windows 8.1 ပထမဆုံး Update ကိုဧပြီလ ၈ ရက်နေ့တွင် သုံးစွဲသူများသို့ အခမဲ့ဖြန့်ချိပေး သွားမည် ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်ရက်အနည်းငယ်က ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့သည့် ကုမ္ပဏီ၏နှစ်စဉ် ကျင်းပသည့် ကွန်ဖရင့်တွင် Windows Phone ဒုဥက္ကဋ္ဌ Joe Belfiore က feature အသစ်များအကြောင်း ရှင်းလင်းခဲ့ပြီး ယခု update ၏ရည်ရွယ်ချက်သည် mouse နှင့် Keyboard တို့ဖြင့်သုံးစွဲရန် စိတ်ပျက်နေသူများ Windows 8.1 သို့ပြန်လည် ဆွဲဆောင်ရန်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ Update တွင် Keyboard, Mouse တို့ဖြင့်အသုံးပြုနိုင်ကာ ၎င်း Function များကိုချုံ့ရန် User Interface Update များလည်းပါဝင်သည်။ ၎င်း Update သည် အသုံးပြုနေသည့်ကိရိယာကို OS က ဖော်ပြပေးကာ စွမ်းဆောင်ရည်ကို ပြသပေးသည်။ Tablet ဖြင့်အသုံးပြုပါက 8.1 တွင် Metro Mode ပါဝင်လာပြီး PC ပေါ်တွင်မူ Desktop ပေါ်တွင်အလို အလျောက် ဖော်ပြပေးသွားမည်ဖြစ်သည်။
8.1 Update တွင် Taskbar ပြန်လည်ပါဝင်ဖွယ် ရှိနေပြီး Windows Store App များသည် Metro App များတွင် အလိုအလျောက် ပြသပေးသည့် Feature နှင့်အတူ ပါဝင်လာနိုင်ကြောင်း သိရသည်။
အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် ကမ္ဘာ့နိုင်ငံကြီး အချို့က ငြင်းပယ်ထားသည့် Huawei ကုမ္ပဏီကို မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ သုံးခုက Supplier အဖြစ် ခန့်အပ်ထား
အမျိုးသား လုံခြုံရေး အကြောင်းပြချက်ဖြင့် ကမ္ဘာ့နိုင်ငံကြီး အချို့က ၎င်းတို့၏ စီမံကိန်းများတွင် ၀င်ရောက် လုပ်ကိုင်ခြင်းကို ငြင်းဆိုခံထားရသည့် တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီကို မြန်မာနိုင်ငံမှ ဆက်သွယ်ရေး အော်ပရေတာ သုံးခုက Supplier ကုမ္ပဏီအဖြစ် လုပ်ကိုင်လျက် ရှိနေသည်။
တရုတ်နိုင်ငံ၏ နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Huawei ကုမ္ပဏီကို မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်သော Myanmar Post and Telec ommunication (MPT)၊ ရတနာပုံ တယ်လီပို့စ်နှင့် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်ကမှ ဆက်သွယ်ရေးလိုင်စင် ပေးအပ်ရန် ရွေးချယ်ခံရသည့် တယ်လီနော် ကုမ္ပဏီတို့ အားလုံးက ၎င်းတို့၏ Supplier ကုမ္ပဏီအဖြစ် ရွေးချယ်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိမည့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီက ၎င်းတို့၏ Supplier ကုမ္ပဏီကို မရွေးချယ်ရသေးကြောင်း ပြောကြားသည်။
''ကျွန်တော်တို့ရဲ့ Supplier ကုမ္ပဏီအဖြစ် အကြမ်းဖျင်းပဲ ရွေးချယ်ရပါသေးတယ်။ ရှေ့တစ်ပတ်ထဲမှာတော့ ဘယ်သူ့ကို ရွေးထားလဲဆိုတာ ထုတ်ပြန်ကြေညာမှာပါ'' ဟု အဆိုပါ ကုမ္ပဏီ၏ မီဒီယာတာဝန်ခံ ကိုစိုးသူရက ပြောကြားသည်။
လက်ရှိအချိန်တွင် Huawei ကုမ္ပဏီ အနေနှင့် Ooredoo ကုမ္ပဏီနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Huawei ကုမ္ပဏီမှ စုံစမ်းသိရှိရသည်။
Huawei ကုမ္ပဏီနှင့် တရုတ်အစိုးရတို့ ပတ်သက်နေမှုကြောင့် ၎င်းတို့ ကုမ္ပဏီမှ တင်သွင်းသည့် ဆက်သွယ်ရေး ပစ္စည်းများဖြင့် အမေရိကန်နိုင်ငံကို လျို့ဝှက်ထောက်လှမ်းမှု ပြုလုပ်နိုင်သည်ဟု ၂၀၁၂ ခုနှစ် အတွင်းက အမေရိကန် ကွန်ဂရက်က တင်ပြခဲ့ပြီး အမေရိကန် အစိုးရနှင့် သက်ဆိုင်သော ကန်ထရိုက် စာချုပ်များတွင် လုပ်ကိုင်ခွင့် မပြုရန် တောင်းဆိုခဲ့ဖူးသည်။
Huawei ကုမ္ပဏီဘက်မှ ၎င်းတို့ကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဟု စွပ်စွဲခြင်းအပေါ် ပြန်လည် ငြင်းချက်ထုတ်ခဲ့သည်။
Huawei ကုမ္ပဏီကို သြစတြေးလျ နိုင်ငံကလည်း အမျိုးသား လုံခြုံရေးကို အကြောင်းပြကာ ၎င်းတို့၏ ဘရော့ဘန်း ကွန်ရက်အသစ်တွင် ပါဝင်မှုကို တားမြစ်ခဲ့ဖူးသည်။
''အခုလွှတ်တော်မှာ ဆက်သွယ်ရေး နည်းဥပဒေကိုလည်း ဆွေးနွေးနေပြီး တတ်နိုင်သလောက် အကာအကွယ်လည်း လုပ်နေပါတယ်။ ဒါပေမဲ့ အမေရိကန်လို နိုင်ငံမျိုးတောင် လုံခြုံမှုယူထားတာမျိုး ဆိုတော့ တိုင်းပြည်အတွက် လုံခြုံရေးအရ အရေးကြီးတဲ့ သတင်း အချက်အလက်တွေ အတွက် စိတ်မချရဘူးဆိုရင် စိတ်မချရတဲ့ ကုမ္ပဏီတွေနဲ့ ဆက်သွယ်လုပ်ကိုင်မှုကို ကန့်ကွက်သင့်ပါတယ်။
 နိုင်ငံအနေနဲ့ အခုမှ တိုးတက်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ခါစ ဆိုတော့ ဒီအန္တရာယ်ကို အတော် သတိထားဖို့ လိုပါတယ်'' ဟု ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်မှု စိစစ်ရေး ကော်မတီမှ ကော်မတီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းက ပြောကြားသည်။
Eleven Media Group
Samsung Galaxy S3 GT-I9300 4.3 Official Latest Firmware
Samsung Galaxy S3 4.3 အတွက် Latest Firmware Malaysia XME  ပါ။လိုချင်တဲ့ ညီ အကိုများအောက်မှာယူလိုက်ပါ။ 
Wednesday, April 2, 2014
ကျောင်းသားတိုင်းသိထားသင့်တဲ့ Google Tips and Tricks
အထက်တန်းကျောင်းသားတွေပဲဖြစ်ဖြစ်၊ တက္ကသိုလ်ကျောင်းသားတွေပဲဖြစ်ဖြစ် Google က အဓိကကျတဲ့ သင်ကြားရေး အထောက်အကူတစ်ခု ဖြစ်လာပါပြီ။ ကျောင်းသားတွေအတွက် အသုံးဝင်တဲ့ Google Tips and Tricks များကို မျှဝေလိုက်ပါတယ်။
သင်သိချင်တဲ့ အကြောင်းအရာ အတိအကျကို လျှင်မြန်စွာရှာပါ။
လူတိုင်းက Google Search ကို အသုံးပြုတတ်ပါတယ်။ ဒါပေမယ့် Google Search ကို ထိရောက်စွာ အသုံးပြုတတ်သူရှားပါး ပါတယ်။
၁. တိကျပါ။
ဝက်ဆိုက်တစ်ခုထဲက ဆောင်းပါးတစ်ခုကိုရှာမယ်ဆိုရင် site: “ website URL” ရှာဖွေသည့်စကားစုကို အသုံးပြုပါ။ စာရေးဆရာနာမည်နဲ့ ရှာနိုင်ဖို့ author: “name” လို့ရိုက်ရှာနိုင်ပါတယ်။ ဆောင်းပါးရဲ့ ခေါင်းစီး ကို ရှာဖွေချင်ရင် intitle: “word” လို့ရှာဖွေပါ။
၂.ဖော်မက်
Filetype: “jpg or other extension” လို့ရိုက်ပြီး ဖိုင်ဖော်မက် အလိုက် ရှာဖွေပါ။
၃.ရှာဖွေမှုကို တိုးချဲ့ပါ။
(*) Asterisk ကို Wildcard Search Operator လိုအသုံးပြုပြီး Google ကို ကွက်လပ်ဖြည့်ခိုင်းလို့ရပါတယ်။ ဥပမာအားဖြင့် Thomas Edison invented * လို့ရိုက်လိုက်ရင် Thomas Edison တီထွင်ခဲ့တာတွေကို Google က ပြသပေးပါလိမ့်မယ်။
Site operator ကို အသုံးပြုတဲ့နေရာမှာ အခြားအသုံးပြုနည်းတွေရှိပါတယ်။ site:edu လို့ရိုက်ရှာရင် ပညာရေးနဲ့ သက်ဆိုင်တဲ့ ဝက်ဆိုက်တွေကိုပဲပြပေးပါလိမ့်မယ်။ site:edu advanced chemistry exams လို့ရိုက်ရှာခြင်းဖြင့် chemistry စာမေးပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပညာရေး ဝက်ဆိုက်တွေမှာ ရှာဖွေပေးပါလိမ့်မယ်။ Site Operator နဲ့ Filetype Operator တို့ကို ပေါင်းစည်းပြီးတော့ စာမေးပွဲအတွက်လိုအပ်တဲ့ eBook တွေရှာဖွေနိုင်ပါတယ်။ Google Search Operator တွေကို Google Help Page မှာ လေ့လာနိုင်ပါတယ်။ ဒါ့အပြင် Google က Advanced Operators တွေကို ပြုလုပ်ပေးထား ပါတယ်။ History / Politics ကျောင်းသားတွေက site:gov ကို အသုံးပြုနိုင်ပါတယ်။
Related: operator ကို အသုံးပြုပြီး ဆင်တူတဲ့ ဝက်ဆိုက်တွေကို ရှာနိုင်ပါတယ်။ ဥပမာ အားဖြင့် related:www.thatantoeaung.com လိုရှာရင် သန်းတိုးအောင် ဝက်ဆိုက် နဲ့ ဆင်တူတဲ့ ဝက်ဆိုက်တွေကို ပြပေးပါလိမ့်မယ်။
သင့်ရဲ့ ဆရာ က အချို့သော ဝက်ဆိုက်တွေကို အသုံးပြုခွင့်မပေးဘူးဆိုရင် minus sign ကို အသုံးပြုပြီး အဲဒီဝက်ဆိုက်တွေကို ရှောင်ရှားနိုင်ပါတယ်။ ဥပမာအားဖြင့် encryption – site:Wikipedia.org လို့ရိုက်ရှာရင် encryption နဲ့ ပတ်သက်တဲ့ ဝက်ဆိုက်တွေကို ရှာပေးမှာဖြစ်ပေမယ့် Wikipedia ဝက်ဆိုက်ကိုတော့ ပြသပေးမှာမဟုတ်ပါဘူး။ အဓိပ္ပါယ် နှစ်မျိုးရှိတဲ့ စကားလုံးတစ်ခုကိုရှာဖွေတဲ့အခါမှာ တစ်မျိုးကိုရှောင်ရှားချင်ရင်လည်း အသုံးဝင်ပါတယ်။ ဥပမာ jaguar – car လို့ရှာခြင်းဖြင့် ကားတွေကို ရှာဖွေခြင်းမပြုတော့ဘဲ အခြားအဓိပ္ပါယ် များကိုသာရှာဖွေပေးပါလိမ့်မယ်။
အထက်ပါ Operators တွေကို ပေါင်းစပ်ပြီးအသုံးပြုနိုင်ပါတယ်။
စကားလုံးတစ်ခုရဲ့ Definition ကို သိနိုင်ဖို့ define “word” လို့ ရိုက်ရှာပါ။
Google ကို သင်္ချာတွက်ခိုင်းလို့ရပါသေးတယ်။ Google Search မှာ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား စတဲ့ Operator တွေကို အသုံးပြုနိုင်ပါတယ်။ 7% of 1543 , 2*3*7 စတာတွေအပြင် Advanced Opetators တွေများစွာရှိပါတယ်။ ဒါ့အပြင် ယူနစ် ပြောင်းလဲမှု တွေကို လည်း ပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် 50 feet လို့ရိုက်လိုက်တာနဲ့ အခြားယူနစ် တွေကို Google က ပြပေးပါလိမ့်မယ်။
Google ကို ကွက်လပ် ဖြည့်ခိုင်းလို့ရပါသေးတယ်။ Martin Luther King Jr. was born on လို့ရိုက်လိုက်ရင် January 15 1929 လို့ ပြပေးပါလိမ့်မယ်။
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
Windows8 / Windows 8 +Launcher v2.4.1 APK (Update March-30)
Android Phone ပေါ်မှာ Window 8 စတိုင်လေးနဲ့အသုံးပြုချင်သူများအတွက် Windows 8 +Launcher နောက် ဆုံးထွက် Version လေးတင်ပေးလိုက်ပါတယ်ဗျာ။ အရှေ့က Post တွေမှာလည်း ထွက်လာသမျှ Version တိုင်း ကိုတင်ပေးခဲ့ဖူးပါတယ်။ တင်ပေးလိုက်တိုင်းလည်း လူကြိုက်များပြီး ဒေါင်းလုပ်ဆွဲတဲ့ သူတွေတော်တော်များ များကိုတွေ့ရပါတယ်။ Launcher တစ်ခုဖြစ်တဲ့အတွက် ရှည်ရှည်ဝေးဝေးရှင်းပြစရာမလိုဘူးထင်ပါတယ်ဗျာ။ နမူနာကြည့်နိုင်အောင် အောက်မှာ Screen Shot တွေရိုက်ပြီးပြထားပါတယ်ဗျာ။ Android OS 2.2 နှင့်အထက် ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Wirless Keyboard adapter ရောင်းချမှုကို Microsoft ရပ်ဆိုင်း
Microsoft သည်၎င်းတို့၏ Surface tablet များဖြင့် ချိက်ဆက်အသုံးပြုနိုင်သည့် wireless key board adapter ရောင်းချမှုကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါ wireless keyboard adapter သည်ဒေါ်လာ ၆၀ တန်ဖိုးရှိပြီး စလင်ဒါပုံသဏ္ဌာန်ရှိကာ သုံးစွဲသူများအနေဖြင့် Surface tablet များကို Bluetooth မှတစ်ဆင့်ချိတ်ဆက်၍ ပေ ၃၀ အကွာမှအသုံးပြုနိုင်သည်။ ယခုအခါတွင် Microsoft အနေဖြင့်၎င်း keyboard ကိုရောင်းချခြင်းရပ်ဆိုင်းကာ Microsoft ၏ Online store တွင် "out of stock" အဖြစ်ဖော်ပြထားသည်။
ကုမ္ပဏီ၏ ပြောရေးဆိုခွင့် ရှိသူကအကြောင်းကြောင်းကြောင့် မိမိတို့အနေဖြင့် Surface Wireless Keyboard Adapter ကိုဆက်လက်ထုတ်လုပ်တော့မည်မဟုတ်ကြောင်း အတည်ပြုပြောကြားသွားခဲ့သည်။ Microsoft အနေဖြင့် မည်သည့်အကြောင်းကြောင့် ၎င်းထုတ်ကုန်ကို ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ကြောင်းကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။
သာယာလှပတဲ့ Live Wallpaper အလန်းလေး - Season Zen HD v1.9.1 APK (April-1) Wednesday, April 02, 2014 Pyae Phyo (MMiTD) No comments
ၹၹၹ
ကျွန်တော်သဘောကျတဲ့ Live Wallpaper ထဲမှာ Season Zen HD ဆိုတဲ့ ကောင်လေးကလည်း တစ်ခုအပါ ၀င်ပါဘဲဗျာ။ ရိုးရိုးရှင်းရှင်းနဲ့ မျက်စိအေးပြီး ရုပ်ထွက်အတော်လေးကောင်းတဲ့ Live Wallpaper လေးဖြစ်ပါ တယ်။ ထွက်တာကတော့ 3ရက်လောက်ရှိပါပြီ ထွက်ထွက်ချင်း Upload တင်ထားဖြစ်ပေမယ့် မေ့နေလို့ အခု မှတင်ပေးဖြစ်တာပါ။ သူ့ရဲ့စတိုင်နဲ့ရုပ်ထွက်ကိုတော့ အောက်မှာ Screen Shoot တွေကို နမူနာကြည့်နိုင်ပါ တယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Download
Friday, March 7, 2014
KEYBOARD + SYSTEM CLEANER နှစ်မျိုးသုံးလို့ရတဲ့ BAGAN KEYBOARD PRO (PRE ACTIVATED!) ( FOR ANDROID )
Android ဖုန်းအသုံးပြုသူများအနေဖြင့် Bagan Keyboard ဆိုရင်တော်တော်များများသိကြပါတယ်။ အခု အသစ်တင်ပေးလိုက်တဲံ Bagan Keyboard ကတော့Install လုပ်ပြီးတာနဲ့ Activated ဖြစ်ပြီးသားပါပဲ။ 
Settings ထဲကိုဝင်ပြီးတော့လည်း မိမိစိတ်ကြိုက် ချိန်ညှိလို့ရပါတယ်။ အရင်ထွက်ခဲ့တဲ့ Bagan Keyboard 
တွေမှာ
Keyboard တစ်ခုတည်းသာအသုံးပြုလို့ရပါတယ်..အခုတင်ပေးတဲံ Version ကတော့
Keyboard ရော့ မိမိရဲ့ ဖုန်းကိုပေါ့ပါးစေဖို့အတွက် System Cleaner ပါ
နှစ်မျိုးသုံးလို့ရပါတယ်။ လိုအပ်သူ
များ Download ရယူနိုင်ကြပါပြီ။
PDA.Net (Version 2.1 တွေကို Computer နဲ့ချိတ်ဆက်အသုံးပြုနည်း)
Version 2.1 တွေမှာ Tethering မပါလို့ စိတ်မညစ်သွားနဲ့နော်…..
PDA.Net ကအဆင်ပြေစေပါတယ်…..
ကဲ Download လုပ်လိုက်နော်…
PDA.Net.Zip
နောက်ဆုံးထွက် v3.50 ကိုလဲဒီအထဲမှာထည့်ပေးထားပါတယ်…
32bit နဲ့  64 bit နဲ့ပေးထားတယ်နော်…..
Computer မှာ Install ဆွဲလိုက်ပါ။
ပြီးရင်တော့ ဖုန်းနဲ့ချိတ်လိုက်ပါ။
Auto Install ဆွဲပေးလိမ့်မယ်။
ဖုန်းမှာ PDA.Net ၀င်သွားတာတွေပါလိမ့်မယ်။
Computer ရဲ့ညာဖက်ထောင့် ဘားမှာ PDA.Net ပုံလေးတွေလိမ့်မယ်နော်…
Connect လုပ်လိုက်တော့နော်။
ဒါဆိုရင်တော့ အဆင်ပြေပြေသုံးလို့ရပြီပေါ့……
ဖုန်းမှာလဲ Mobile Network ဖွင့်နော်……
iOS 7 အတွက် Jailbreak ထွက်ပါပြီ
evasi0n Jailbreak
ပိုစ့်ရေးသားသူ-ထက်အောင်မိုး(ပျဉ်းမနားသား)
တကယ်ကို မင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ပါပဲခင်ဗျာ အားလုံးမျှော်လင့် စောင့်စားနေကြတဲ့ iOS 7 အတွက် JailBreak ကို Evasion အဖွဲ့ကနေပြီးတော့ Christmas လက်ဆောင်အဖြစ် ပေးလိုက်ပြီပဲဖြစ်ပါတယ်။ iOS 7.0 ကနေ 7.04 အထိ iPhone , iPod , iPad အကုန်လုံး JailBreak လုပ်နိုင်ပြီပဲဖြစ်ပါတယ်။
မြန်မာစာ ကို လဲ Font profile မသွင်းဘဲနဲ့ iOS 6 က font သုံးပြီး အဆင်ပြေစွာဖတ်နိုင်ပါပြီ။ MMKeyboard ကတော့ Shift key feature သုံးပြီး နောက်တစ်မျက်နှာပြောင်းလို့မရသေးပါ။ သိပ်မကြာ ခင်တော့ Developer တွေ ပြင်ပေးတော့မှာပါ။
ဒီ မှာ Official mirror download link တွေပါ။
OFFICIAL SITE
http://evasi0n.com/
ကျွန်တော်လည်းအခြာuးserတွေဒေါင်းနိုင်အောင်လင့်ခ်လေးတွေပြန်တင်ပေးထားပါတယ်….
evasi0n7 version 1.0.0 Download Mirror Links Uploaded By Htet Aung Moe
Download For Windows
evasi0n7 version 1.0.0 Download From DEV HOST
evasi0n7 version 1.0.0 Download From Media Fire
Download For MAC OS X
evasi0n7 version 1.0.0 Download From Media Fire
Thursday, March 6, 2014
MPT Service v1.3(Beta) New UI
mptservice
မြန်မာနိုင်ငံသုံးဆက်သွယ်ရေးဝန်ဆောင်မူများအတွက်ဖြစ်ပါတယ်။
ဒီ App ကနေ Gsm အချင်းချင်းငွေဖြည့်ငွေလွဲလုပ်နိုင်ခြင်း
CDMA ငွေဖြည့်နိုင်ခြင်း
GSM/WCDMA Internet လျှောက်ထားနိုင်ခြင်း
GSM/WCDMA  Internet Setting ချိန်နည်းပါရှိခြင်း
MEC CDMA Internet Setting ချိန်နည်းပါရှိခြင်း
MPT CDMA Internet Setting ချိန်နည်းပါရှိခြင်း
GSM/WCDMA Call Waiting Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Call Forward Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Miss Call Altert Service လျှောက်ထားနိုင်ခြင်း
GSM/WCDMA Voice Mail လျှောက်ထားနိုင်ခြင်း
အပြင် မိမိ လျှောက်ထားပြီးသော်လဲ မကြိုက်သက်ရင် ပြန်ဖျက်နိုင်တဲ့
Function အသစ်ထည့်သွင်းပေးထားပါတယ်။
Developer Feed Back ပြန်ပေးနိုင်ခြင်း အစရှိသည်တို့ကို
လုပ်ဆောင်နိုင်ပါသည်။
အရင် Version တွေမှာထည့်သွင်းမထားသော ၀န်ဆောင်မူ့များကိုလျှောက်ထား
ရာတွင် မြန့်မာ ဆက်သွယ်ရေးကို Message ရောက်မရောက်သိရှိနိုင်မည့်
Function အသစ်ထည့်သွင်းထားပါတယ်။
အရင်က Error တော်တော်များများကိုဖြေရှင်းပေးထားပါတယ်။
App အတွင်းမြန်မာလိုအညွန်းများပါဝင်ခြင်းကြောင့်အဆင်ပြေပြေ
လုပ်ဆောင်နိုင်မှာပါ။
ှService တစ်ခုခြင်းဆီရဲ့အချက်အလက်များကို
App အတွင်းရေးသားပေးထားပါတယ်။
Google Play Store ကနေ တိုက်ရိုက်ဒေါင်းနိုင်ပါတယ်။
Review နဲ့ Vote လေးပေးသွားပါအုံး =D
Playstore ကနေဒေါင်းခြင်းဖြင့်ကူညီပါအုံး။
အဆင်မပြေသူများ ဒီကဒေါင်းပါ။
Screenshot_1980-01-06-00-50-46 Screenshot_1980-01-06-00-50-54 Screenshot_1980-01-06-00-51-14 Screenshot_1980-01-06-00-51-20 Screenshot_1980-01-06-00-51-28 Screenshot_1980-01-06-00-51-47 Screenshot_1980-01-06-00-51-52 Screenshot_1980-01-06-00-51-58 Screenshot_1980-01-06-00-52-02
APPLE SIRI နောက်ကွယ်က အသံပိုင်ရှင်
၂၀၁၁ ခုနှစ် အောက်တိုဘာလက စလို့ iPhone 4S မှာ Siri ဆိုတဲ့ အသံဖြင့် စေခိုင်း Application တစ်ခု ပါဝင် လာပါတယ်။ ယင်းထဲက အမေရိကန် အသံပိုင်ရှင် ကတော့ ပုံမှာ မြင်တွေ့ နေရတဲ့ Susan Bennett လို့ အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။
သူမဟာ အသံပိုင်းဆိုင်ရာ အနုပညာ ဂီတမှာ ပရော်ဖက်ရှင် လုပ်ကိုင်နေ သူ ဖြစ်ပြီး စာလည်း ပြန်သင် ပါတယ်။ သူမရဲ့ အသံကို Delta Airline လို ကမ္ဘာ့အကြီးဆုံး လေကြောင်းလိုင်းထဲမှ တစ်ခုကလည်း အသုံးပြုခဲ့ ပါတယ်။ ဒါ့အပြင် Coca Cola, McDonald, CN Cartoon, Discovery Channel အစရှိသဖြင့် ကမ္ဘာ့ အကြီးဆုံး အအောင်မြင်ဆုံး ကုမ္မဏီများရဲ့ ကြော်ငြာ၊ စက်ရုပ်လုပ်ငန်း၊ ရုပ်သံ အစီအစဉ် နဲ့ စက်ပစ္စည်း အတော်များများ မှာ ပါဝင်ခဲ့ ပါတယ်။
Apple ရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး Siri မှာ အသံသွင်းပြီးနောက် ဆူဆန် (Susan Bennett ) ဟာ အောင်မြင်တဲ့ အသံ အနုပညာရှင် တစ်ဦး ဖြစ်လာ ခဲ့ ပါတယ်။
 Ref: wiki
International news for Myanmar
ANDROID DEVICES တွေအတွက် မြန်မာဖေါင့်မျိုးစုံ နှင့် ဒီဇိုင်းဖေါင့်ပေါင်း (1000)
မြန်မာဖောင့်မျိုးစုံနှင့် ဒီဇိုင်းပေါင်း တစ်ထောင် (1000)  TTF ကို လိုချင်သူများအတွက်ပါ ။
ဖေါင့် 1082 ခုပါ Zip ဖိုင်ကို ဒီမှာဒေါင်းပါ  http://d-h.st/ogg
HTC ဖုန်းမှာပါတဲ့ Sanpya မြန်မာဖောင့်ကို ဒီမှာဒေါင်းပါ http://d-h.st/r8g 
Post By : DjjoeMan(MMF)
ANDROID ဖုန်းအတွက် မြန်မာစာရိုက်နိုင်တဲ့ TOUCHPAL X KEYBOARD
Android OS Smart ဖုန်း အားလုံးအတွက် ဘာသာစကား (၆၈) မျိုးပါဝင်တဲ့ TouchPal X Keyboard လေးကို တင်ပေးလိုက်ပါတယ်။
ဘာသာစကားပေါင်း (၆၈) မျိုးထဲမှာ မြန်မာလည်းပါတယ်နော်။ မြန်မာလို ရိုက်ချင်တယ်ဆိုရင် More Language ထဲ ဝင်ပြီး Burmese ကို Download ဆွဲပေးလိုက်ပါ။
ဒီကီးဘုတ်လေးမှာ နောက်ခံအရောင်ကို စိတ်ကြိုက်ပြောင်းနိုင်သလို ကီးဘုတ်အရွယ်အစားကိုလည်း မိမိဖုန်းနဲ့အဆင်ပြေအောင် လိုသလို ချိန်ညှိလို့ရတဲ့အတွက် အရမ်းကောင်းမွန်ပါတယ်။ ကီးဘုတ်နောက်ခံအရောင်ကို ကိုယ်ကြိုက်တဲ့ ဓါတ်ပုံလေးတွေနဲ့ အလှဆင်နိုင်တာကလည်း သူ့ရဲ့ထူးခြားမှုတစ်ခု ဖြစ်ပါတယ်။
ညွှန်းရမယ်ဆိုရင်တော့ အများကြီးပဲဗျ။ ကိုယ်တိုင်ပဲ စမ်းသုံးကြည့်လိုက်ကြပါ။ နှစ်ခုတင်ပေးလိုက်တယ်နော်။ တစ်ခုက ဖုန်းအတွက် နောက်တစ်ခုက Tablet အတွက်ပါ။
credit to -http://1mobilecorner.blogspot.com
ANDROID USER တွေအတွက် အကြိုက်တွေ့စေမယ့် ADVANCE DOWNLOAD MANAGER
Android ဖုန်းအသုံးပြု့သူ ကိုကို ညီညီ မမ ညီမ များ ADM ကိုတော့ 
မသိတဲ့လူ မရှိလောက်ဖူးလို့ထင်ပါတယ် ခင်ဗျာ။ ဗီဒီယို, သီချင်း mp3 နဲ့ ဓါတ်ပုံတွေကို
စိတ်ကြိုက်လွယ်လင့်တကူ နဲ့ ဒေါင်းလို့အဆင်ပြေစေမယ့် Download Manager လေးတခု့ပါ။
Google Play မှာတော့ 4.99 $ ပေးဝယ်ရပါတယ်ခင်ဗျာ။ March 1 ရက်နေ့ကမှထွက်လာတာပါ။
facebook 8.0.0.8 မှာတော့ အဆင်ပြေ ပါတယ်။ 8.0.0.10 ကတော့ မသိသေးဘူးခင်ဗျ။
facebook 8.0.0.10 ကို လိုချင်အသုံးပြုချင်ရင်တော့အောက်မှာ တခါတည်း မသွားလိုက်ပါ
အသေးစိတ်ကိုတော့ Google Play မှာသွားရောက်လေ့လာပေးပါ
အသုံးပြု့နည်းကိုလည်းအဲ့ဒီမှာ ရေးထားပါတယ်
DOWNLOAD ADM
DOWNLOAD FACEBOOK
တစ်ကမ္ဘာလုံး အင်တာနက် အခမဲ့ သုံးနိုင်တော့မည်
အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် Media Development Investment Fund (MDIF) လုပ်ငန်း သည် အာကာသအတွင်းသို့ ရေဒီယိုလှိုင်းလွှင့်တုံးလေးများ လွှတ်တင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆိုပါ လှိုင်း လွှင့်တုံးလေးများသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်ပတ်၍ နေရာလပ် မကျန်အောင် အင်တာ နက်စနစ် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြံရွယ်ထားသည့် အစီအစဉ် အောင်မြင်မည်ဆိုပါက ၂၀၁၅ ဇွန်လခန့်ကစပြီး အာကာသထဲမှ ထုတ်လွှတ်သော အင်တာနက်စနစ်ကို တစ်ကမ္ဘာလုံး အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။ ကမ္ဘာပတ် လမ်းကြောင်းအတွင်း လွှင့်တင်ထားသော ရေဒီယိုလှိုင်းလွှင့်တုံးလေးများသည် မြေပြင်စခန်းမှ ထုတ်လွှတ် လိုက်သော အင်တာနက် သတင်းအချက်အလက်များကိုဖမ်းယူကာ လှိုင်းလွှင့်တုံးအချင်းချင်း အပြန်အလှန် ပေးပို့နိုင်သလို မြေပြင်မှ အင်တာနက် သုံးသူတိုင်းထံသို့လည်း ၀ိုင်ဖိုင်လှိုင်းဖြင့် တိုက်ရိုက် ပေးပို့နိုင်မည် ဖြစ်သည်။
Outernet စနစ်သည် ကမ္ဘာပတ်လမ်းကြောင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ထုတ်လွှတ်သော ၀ိုင်ဖိုင် အင်တာနက်စနစ် ဖြစ်သောကြောင့် မည်သူမဆို အသုံးပြုနိုင်မည် ဖြစ်သည်။ အင်တာနက်ကို ကန့်သတ် ပိတ်ပင်ထားသည့် တရုတ်၊ မြောက်ကိုရီးယား စသည့် နိုင်ငံများမှပင် အပိတ်အပင်မရှိဘဲ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အခမဲ့လည်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ကမ္ဘာ့လူသား ၆၀ ရာခိုင်နှုန်းသာ အင်တာနက်ကို လက်လှမ်းမီသေးကြောင်းလည်း စာရင်းများအရ သိရသည်။MDIF သည်Outernet စနစ် နမူနာများကို ယခုဇွန်လ၌ ကမ္ဘာပတ်လမ်း ကြောင်းသို့ လွှတ်တင်နိုင်ရန် စီစဉ်ထားပြီး စက်တင်ဘာလတွင် နိုင်ငံတကာအာကာသစခန်း၌Outernetနည်းပညာကို စမ်းသပ်ရန် နာဆာထံက ခွင့်ပြုချက်ရလိမ့်မည်ဟု မျှော်လင့်ရသည်။
Ref : Mizzima
WI-FI မှတစ်ဆင့် ပျံ့ နှံ့နိုင်သော ဗိုင်းရပ်စ်တစ်မျိုး သုတေသီများ ဖန်တီး
ဗြိတိန်သုတေသီများသည် လေထုထဲတွင်ပင် ပျံ့နှံ့နိုင်သော ကွန်ပျူတာဗိုင်းရပ်စ် တစ်မျိုးကို ဖန်တီးခဲ့ကြောင်း သိရှိရသည်။
လီဗာပူးတက္ကသိုလ်ရှိ သုတေသီများက Chemeleon အမည်ရှိ ဗိုင်းရပ်စ်သည် ရာသီဥတုအေးကာ လူဦးရေထူထပ်သော နေရာများတွင် ပိုမိုပျံ့ နှံ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဗိုင်းရပ်စ်သည် access point များမှတဆင့် ကွန်ယက်တစ်ခုမှ တစ်ခုသို့ ကူးစက်ပျံ့နှံ့ပြီး အိမ်နှင့် လုပ်ငန်း များသို့ အဆက်မပြတ် ပျံ့ နှံ့ ဝင်ရောက်နိုင်သည်။ အဆိုးဆုံး အခြေအနေအရ ၎င်းဗိုင်းရပ်စ်သည် ခြေရာခံမှုကို ရှောင်လွှဲနိုင်သလို password နှင့် encryption များဖြင့် မကာကွယ်ထားသော wireless access point များကို ရှာဖွေနိုင်သည်။ သုတေသနအဖွဲ့အနေဖြင့် စမ်းသပ်ခန်းတွင် London နှင့် Belfast မြို့များ တိုက်ခိုက်ခံရသည့် ပုံစံဖြင့် စမ်းသပ်ခဲ့ပြီး Chameleon ဗိုင်းရပ်စ်သည် လေထဲတွင်ပျံ့ နှံ့နိုင်ပြီး access point များမှတဆင့် Wi-Fi ကွန်ရက်များကို ဝင်ရောက်နိုင်ကြောင်း တွေ့ရသည်။
ထို့အပြင် ၎င်းသည် အင်တာနက်နှင့် ကွန်ပျူတာများပေါ်တွင် ဗိုင်းရပ်များ ရှာဖွေသည့် လက်ရှိ antivirus ပရိုဂရမ်များဖြင့် ရှာဖွေ၍မရပေ။ သို့သော်လည်း အဆိုပါ ဗိုင်းရပ်စ်သည် လုံခြုံစွာ ကာကွယ်ထားသည့် ကွန်ရက်များတွင် ဝင်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။
Ref: CNET
Internet Journal
အင်တာနက်မှာ အင်္ဂလိပ်စာ ဖတ်ရန် နည်းလမ်း
အင်တာနက်-မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဝဘ်ဆိုဒ်တွေ ဝင်ဖတ်သူများ ရှိသလို ဝင်မဖတ်ဖြစ်သူများ လည်း ရှိမယ်ထင်ပါတယ်။
မဝင်ဖတ်ဖြစ်သူများအတွက် မဖတ်ဖတ်ဖြစ်အောင် ဖတ်ဖို့ စာရေးသူမှ တိုက်တွန်းလိုပါတယ်။ ဒီမှာ အခက်အခဲပေါင်း များစွာ ရှိမယ်ဆိုတာလည်း သိရှိနားလည်ပါတယ်။ ယင်းအခက်အခဲများကြောင့်လည်း နိုင်ငံတကာက ဝဘ်ဆိုဒ်တွေကို မဖတ်ဖြစ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာဘာသာ နဲ့ ရေးသားထားတဲ့ ဝဘ်ဆိုဒ်များကို ဘယ်လိုဖတ်သင့်တယ်ဆိုတာ စာရေးသူ လမ်းညွန်လိုပါတယ်။
ဒီလိုပြောလို့ စာရေးသူက အင်္ဂလိပ်စာဘာသာရပ် ဆရာတစ်ဦးလည်း မဟုတ် ရပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က စလို့ မီဒီယာတွေမှာ ဘာသာပြန်အဖြစ် လုပ်ကိုင်ခဲ့ဖူးလို့ ဖြစ်ပါတယ်။ ယနေ့တိုင်လဲ ဘာသာပြန်နေရပါတယ်။ ဒါကြောင့် အင်တာနက်မှာ အင်္ဂလိပ်စာ ဘယ်လိုဖတ်ရတယ်။ ဘာသာပြန် ရတယ်ဆိုတာကို စာရေးသူ တတ်သလောက်၊မတ်သလောက် ကူညီလမ်း ညွန်ပေးနိုင်ပါတယ်။
စာအုပ်မှာ အင်္ဂလိပ်စာ ဖတ်ရတာနဲ့ အင်တာနက်မှာ အင်္ဂလိပ်စာ ဖတ်ရတာ မတူပါဘူး။ ဥပမာ- အင်္ဂလိပ်လို ရေးသားထားတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဝတ္တုတွေ ဖတ်မယ်ဆိုရင် အဘိဓာန် တစ် အုပ်လောက်တော့ ဆောင်ထားရပါတယ်။ ပြီးတော့ နားမလည်တဲ့ စာလုံးတွေ့ ရင် အဘိဓာန် ကြည့်လိုက်ရုံပဲ ဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာကျတော့ ဒီလိုလုပ်လို့ အဆင်မပြေပါဘူး။ အင်တာနက်မှာ ဖတ်နေရင်း နားမလည်တာရှိရင် အဘိဓာန်စာအုပ်ဖွင့်ဖို့ဆိုတာ အချို့ လူများ အတွက် အလုပ်ပိုရှုပ်ပါတယ်။ စာဖတ်ရတာလည်း အာရုံပျက်ရပါတယ်။ တစ်ခါခါ အဘိဓာန်မှာတောင် ရှာမရတဲ့ စာလုံးများကို မြင်တွေ့ရ တတ်ပါ တယ်။ ဒါကြောင့်မို့လည်း အနောက်တိုင်းက နိုင်ငံတကာ သတင်းဝဘ်ဆိုဒ် များ၊ ဖျော်ဖြေရေး၊ ပညာရေး အစရှိသဖြင့် တို့အပြင် ဒေသတွင်းက အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားထားတဲ့ ဝဘ်ဆိုဒ်တွေကို ဝင်ရောက် ဖတ်ရှုသူတွေ နည်းသွားရပါတယ်။ ဒီတော့ အားနည်းချက် က မြန်မာလူမျိုး များ အင်္ဂလိပ်စာ မတိုးတက်သလို၊ နိုင်ငံတကာ အပေါ် လေ့ လာမှုလည်း အားနည်းသွားရပါတယ်။ အဆိုးဆုံး ပြောရမယ်ဆိုရင် မြန်မာပြည် ပညာရေး စနစ်အထိကို တိုက်ရိုက်ဆက်စပ် ထိခိုက်နိုင်စေမှာ ဖြစ်ပါတယ်။
မျက်စိပွင့်၊နားပွင့် အသိဥာဏ်ပွင့် နေမှ ဘယ်သူတွေ ဘာလုပ်တယ်ဆို တာ သေရှာ သိရမှာ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ကပဲ သိပြီး ယင်း တစ်ဦးတစ်ယောက် ဖော်ပြချက်များကိုသာ မှီခိုနေရရင် အမြဲတော့ မကောင်းနိုင်ပါဘူး။ ဒါကြောင့် ကိုယ်တိုင် အင်္ဂလိပ်ဘာသာ စာများကို ကိုယ်တိုင်ဖတ်ရှုနိုင်ရန် ကြိုးစားဖို့ လိုအပ်လာပါတယ်။
အင်တာနက်မှာ အခမဲ့ အွန်လိုင်း အင်္ဂလိပ်-မြန်မာ အဘိဓာန်ပေါင်း မြောက် များစွာ ရှိပါတယ်။ Google Search ထဲမှာ English to Myanmar Online Dictonary လို့ရိုက်ထည့်လိုက်ရင် အားလုံး တန်းစီပြီး ပေါ်လာပါတယ်။ ယင်းထဲက ကြိုက်ရာ ယူသုံးနိုင်ပါတယ်။ ဥပမာ-http://en.my/-mm.org/ Gtalk မှာလည်း အင်္ဂလိပ်- မြန်မာ ဘာသာပြန် ဝန်ဆောင်မှုပေးနေတဲ့ အကောင့် ရှိပါတယ်။ ဥပမာ-en2my@burmesecloud.net အဲဒါမျိုးတွေကို Add ထားရပါမယ်။ ဘာသာပြန်ပေးတဲ့ အဘိဓာန်ကိုကျတော Tab တစ်ခုနဲ့ ဖွင့်ထားရပါမယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန် ဆော့ဖ်ဝဲတွေလည်း ရှိပါတယ်။ အင်တာနက်ဆိုင် တော်တော်များများမှာလည်း သွင်းပေးထားပါ တယ်။ ကိုယ်တိုင်လည်း Google search ကနေ ရှာပြီး Download ဆွဲနိုင်ပါတယ်။ တကယ် ရှာထားပြီးရင်တော့ တကယ်အသုံးပြုရမှာ ဖြစ်ပါတယ်။
ဒီလောက်နဲ့လည်း မလုံလောက်ပါဘူး။ အင်တာနက် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရင် အဘိဓာန်မှာ ရှာမရတဲ့ စကားလုံးက အနည်းဆုံး ၂ လုံး၊ ၃ လုံးလောက် ပါတတ်ပါတယ်။ ပြီးတော့ အမည်နာမတွေဆို ပိုလို့တောင် ရှာမရ တော့ဘူး။ ပြီးတော့ ကိုယ်က အခုမှ စဖတ်တယ်။ သတင်းထဲမှာ BMW ကားအကြောင်းပြောတယ်။ BMW ကားဆိုတာ အမေရိကန်ကလား၊ ဘယ်နိုင်ငံကလဲ။ အဲဒါကိုသိဖို့ကျတော့ အဘိဓာန် အားကိုးလို့ မရတော့ပါဘူး။ အမတ်လောင်း မစ်ရွန်မနီ ဝင်ပြိုင်နေတာ မဲဘယ်လောက်ရပြီ။ သို့ပေမယ့် မစ်ရွန်မနီ ဆိုတာ ဘယ်ပါတီက ဘယ်နှစ်ခုနှစ်ကစလို့ နိုင်ငံရေးလုပ်နေတာ ဒါတွေ မပါပြန်ပါဘူး။ တစ်ခါခါ မကြားဖူးတဲ့ မြို့ နာမည် တွေ ပါလာပါ တယ်။ နိုင်ငံကိုကျတော့ မဖော်ပြထားဘူး။ နိုင်ငံတော့ ဖော်ပြ ထားပါရဲ့ ။ ဘယ်တိုက်က ဘာနိုင်ငံဆိုတာတောင် မသိရပါဘူး ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီမှာတင် သတင်းတစ်ပုဒ်၊ စာတစ်ပုဒ် ဖတ်ဖို့ တော်တော် ကို ခေါင်းမူးသွားပါပြီ။ သို့ပေမယ့် ဒီအဆင့်ကို ကျော်နိုင်ပါတယ်။
ကိုယ်ဖွင့်တဲ့ Browser လိပ်စာရိုက်တဲ့ (ညာဘက်) ဘေးမှာ Search Engine list ဆိုတာ ရှိပါတယ်။ Firefox ပဲဖွင့်ဖွင့်၊ Chrome ပဲဖွင့်ဖွင့်၊ Safari ပဲဖွင့်ဖွင့် Browser အတော်များများမှာ Search Engine list ဆိုတာပါပါတယ်။ Search Bar လို့လည်း ခေါ်ပါတယ်။ အဲ့ဒီမှာ List ပါပါတယ်။ Google, Twitter, Amazon, eBay, Yahoo, Answer.com, Wikipedia အစရှိသဖြင့် တို့ ပါဝင်ပါတယ်။ ဒီမှာ အင်္ဂလိပ်စာ ဖတ်သူတို့အတွက် ပိုမိုအကျိုးပြုတဲ့ Search engine နှစ်ခုကတော့ Answer.com နဲ့ Wikipedia (http://en.wikipedia.org/) ဖြစ်ပါတယ်။ သို့ပေမယ့် သုံးပုံ သုံးနည်းကို သိသူနည်းနေပါတယ်။ သုံးနည်းက ဒီလို ဖြစ်ပါတယ်။
စာတစ်ခုဖတ်ရင်း ကိုနားမလည်တဲ့ စကားလုံးကို Select မှတ်လိုက်ပါမယ်။ ဥပမာ-egg ဒါကို စာလုံး အကုန်ပါအောင် select မှတ်ပြီး Right click နှိပ်ရ ပါမယ်။ ပြီးရင် Copy, Select All, View source အစရှိသဖြင့်တို့ စာတန်းပေါ် လာပြီးကိုယ်ရွေးချယ်ရမှာက Search for ဖြစ်ပါတယ်။ ဥပမာ ကိုယ်က egg လို့မှတ်ထားရင် Search for “egg” ဆိုတာကိုတွေ့မြင်ရ မှာ ဖြစ်ပါတယ်။ ယင်း Search for ကို click တစ်ချက် နှိပ်ရုံနဲ့ Tab အသစ်တစ်ခုမှာ ယင်းစာလုံးရဲ့ အရင်းအမြစ်အားလုံးကို Wikipeida ကရှာဖွေပေးသွားမှာ ဖြစ်ပါတယ်။ Answer.com အသုံးပြုရင်လည်း Answer.com ကအလိုလျောက် ရှာဖွေပေးသွားမှာ ဖြစ်ပါတယ်။ ဥပမာ- မစ်ရွန်မနီကို ရှာထားရင် သူ့ရဲ့  ပရိုဖိုင်အားလုံးကို အပြည့်အစုံ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ မပြည့်စုံဘူးထင် ရင် အောက်မှာ သူပေးထားတဲ့ Link များကို ဝင်ရောက်နိုင်ပါသေးတယ်။ နာမ် တွေကိုပဲ မဟုတ်ပဲ Verb, Word form, Adverb အင်္ဂလိပ်စာ အသုံးအနှုန်းအားလုံးကို အချက်ကျကျ လေ့လာရမှာ ဖြစ်ပါတယ်။
သို့ပေမယ့် စာဖတ်သူက အားလုံး ဖတ်ဖို့မလိုပါဘူး။ ကိုယ်သိချင် တဲ့အချက်သိရင်ရပါပြီ။ အားလုံးဖတ်နေရင် ကိုယ်ဖတ်နေတဲ့ စာဆီ ပြန် မရောက်ပဲ ဖြစ်တတ်ပါတယ်။ Verb, Word form, Adverb အစရှိသဖြင့် Grammer များကိုတော့ Anwser.com မှာအရှင်းလင်းဆုံး ရှာဖွေ တွေ့ ရှိနိုင်ပါတယ်။ လူပုဂ္ဂိုလ်၊ နေရာဒေသများကို ရှာမယ်ဆိုရင်တော့ Wikipedia က တော်တော်လေးစုံလင်ပါတယ်။ တစ်ခါခါ လုံးဝ ရှာမတွေ့တာမျိုး လည်း ဖြစ်တတ်ပါတယ်။ သို့ပေမယ့် ယင်းအခြေအနေဟာ အရမ်းရှားပါ တယ်။ အားလုံးနီးပါး ရှိနေတတ်ပါတယ်။
ပြီးတော့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ သတင်းကို ဖတ်ဖို့အတွက် ဂရမ်မာအသုံးအနှုန်းများအားလုံးကို အာရုံစိုက်ဖတ်နေဖို့ မလိုပါဘူး။ ကိုယ်အဓိကထားရမှာပါ ဝေါဟာရများ ဖြစ်ပါတယ်။ တစ်ခါခါကျရင် သူတို့ အရေးအသားက ကိုယ်မြင်ဖူးနေကျ ဂရမ်မာတွေက မဟုတ်ပဲ အသစ်အဆန်း လည်း ဖြစ်တတ်ပါတယ်။ 
သို့ပေမယ့် စိုးရိမ်စရာ မရှိပါဘူး။ သို့ပေမယ့် အခြေခံ အင်္ဂလိပ်သဒ္ဒါလေးတော့ သိရှိရန် လိုအပ်ပါတယ်။ ဥပမာ- not ဆိုတဲ့ စကားလုံး တစ်ခုမြင်တိုင်း စာသားက အငြင်းဖြစ်ပြီလို့ ယူဆလို့မရပါဘူး။ အငြင်း (Negative) နှစ်ခါ သုံးထားရင် Positive ဖြစ်ပါတယ် ဆိုတာမျိုးတို့ ဖြစ်ပါ တယ်။ တစ်ခါခါ ကျရင် no ဆိုတာတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ဥပမာ- No people need it. ဆိုရင် ဘယ်သူမှ ဒါကို မလိုဘူးဆိုတာမျိုးဖြစ် ပါတယ်။ no ဆိုတာကိုချန်ဖတ်ခဲ့ရင်တော့ မိမိဖတ်တဲ့ စာကို တလွဲ ဘာသာပြန်မိ သွားမှာ ဖြစ်ပါတယ်။ ဒါက ဥပမာပေးရုံမျှ သာ ဖြစ်ပါတယ်။ အခြားမှားနိုင်ချေများလည်း၊ သဒ္ဒါအသုံးအနှုန်းများလည်း ရှိပါတယ်။
အထက်ပါ အတိုင်း အွန်လိုင်း အဘိဓာန် သုံးမယ်။ အွန်လိုင်း စွယ်စုံကျမ်းများအသုံးပြုမယ်။ စာကို သဒ္ဒါကျကျ မဖတ်နိုင်ပေမယ့် အဓိကအရေးကြီးတဲ့ Positive နဲ့ Negative ဝါကျများကို ကောင်းကောင်း သိသွားရင် ဖတ်ရှုဖို့ မခက်ခဲပါဘူး။ စာများကို ဖတ်ရှုရာမှာ ပိုလို့တောင် စိတ်ဝင်စားဖို့ကောင်းလာမှာ ဖြစ်ပါတယ်။ စာဖတ်သူများ အင်တာနက်မှာ အင်္ဂလိပ်စာ ဖတ်ရှုဖို့ လွယ်ကူလာမယ်လို့ မျော်လင့်ပါတယ်။
Smart Pro Journal
FACEBOOK ရဲ့  PHOTO LOCK ကျနေသူများအတွက်ဖြေရှင်းနည်း
facebook photo lock ပြုတ်ပါပြီ.......facebook မှာ သူငယ်ချင်း တွေရဲ့  photo တွေကို ပြပြီး security ကျော် နေတာမအောင်မြင်တဲ့ သူများအတွက်ပါ......ကျနော့် ရဲ့  lock ကျသွားတဲ့ အကောင့် လေးကို ပြန်လည်ယူပြီးစမ်းသပ်ပြထားပါတယ် 100 % အဆင်ပြေပါတယ်။
ဘယ်လိုအဆင်ပြေသွားတယ်ဆိုတာအောက်မှာ video file လေးပါတွဲတင်ပေးထားပါတယ်။
ကြိုးစားကြည့် ချင်တယ်ဆိုရင်တော့  အောက်မှာ ဆက်လက် ရှူ့ စားပေးပါခင်ဗျာ။
မှတ်ချက် 
==============
ဒီနည်းလမ်းကို သုံးမယ်ဆိုရင်တော့  မိမိတို့  facebook ဖွင့် ခါစက birthday date ကိုမှတ်မိမှအဆင်ပြေပါမယ်။
အရင်ဆုံး facebook ကို ထုံးစံအတိုင်း sin in ဝင်လိုက်ပါ။
your account is tempoary locked ဆိုတဲ့ နေရာမှာ continue ကိုနိုပ်ပေးပါ။
အောက်မှာပြထားတဲ့ သင်္ချာကဏန်းတွေနှင့်  စာတွေကို အကြီးအသေးသေသေချာချာရိုက်ထည့် ပေးပါ။
 ဒီနေရာမှာ အပေါ်က မိမိရဲ့ မွေးနေ့ ကိုထည့် ဖို့ အတွက် provie  your indentity ကို ရွေးပြီး continue ကိုနိုပ်ပါ။
 မိမိ facebook ဖွင့် စဉ်အခါက မွေးနေ့ သက္ကရာဇ် ကိုမှန်ကန်အောင်ဖြည့် ပေးပါ။ပြီးရင် continue နိုပ်ပါ။
 ဒီနေရာမှာ မိမိအကောင့် ကို နောက်ဆုံး login ဝင်ရောက်ဖို့ ကြိုးစားခဲ့ တဲ့ ....မှတ်တမ်းလေးကိုနေရာနှင့် တစ်ကွ အတိအကျဖော်ပြပေးလာပါလိမ့် မယ်....
မှန်ကန်ပါက this was me ကိုနိုပ်ပါ။
ဒီအဆင့် မှာတော့ အပေါ်က this was me ဆိုတာလေးကိုနိုပ်ပြီးတာနှင့် မိတ်ဆွေတို့ အကောင့် ကို ပြန်လည်ရယူနိုင်ပါပြီ။ အောက်မှာ video file လေးကိုဖော်ပြပေးထားပါတယ်။
video file လေးကို youtube မှာကြည့် မယ်ဆိုရင် ဒီမှာ သွားကြည့် ပေးပါ။
အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် ဒီမှာ like လုပ်ပေးထားပါ။
songs
Flashsongs page အပိုင်း ၅
လိပ်ပြာလေးရဲ့ကဗျာ
လွဲနေတဲ့ဆုံမှတ်များ
valentine သီချင်း
ထားခဲ့ပါ
ချစ်သောနန်းနှင့်ရှမ်းမောမြေ
ကဗျာမပီစာမပီ
မြန်မာမလေး
သက်ထား
အင်ဒိုနီးရှားဘာသာပြန်သီချင်း
(မွန်မြတ်စိတ်ထား)
မဆွေးချင်ဘူး
(အဝေးမသွားပါနဲ့)
(ဆက်ရန်မရှိသူ)ဘန်နီ(ပြည်ဖြိုးပိုင်)နဲ့စိုးကြီး
မမေ့ရက်နိုင်သည့်အကြောင်းများ
ဆင်ပေါက်ရဲ့ မင်းတစ်ယောက်ထဲ
မိုး ပြည့်ဆုံ
someone(anonymous)
(ပထမဆုံးအနမ်း)
(Got-send rain)
နီးနီးလေးနဲ့ဝေး
မလွမ်းချင်ဘူး
(အချစ်လျော့မှာစိုး) နီတာ+အေသင်ချိုဆွေ
ပျော်ပါစေ
မီးအိမ်ရှင်-ဆိုတေး
(ခလေးရေ)
ဘေကြီး = လမ်းပြကြယ်လေး
我想找一个女朋友
ဆုံဆည်းခွင့်
ဒဏ္ဍာရီနတ်သမီး
(Be With)
(Baby-new version)Mc Wai Lin
သူငယ်ချင်း(၀ိုင်းဝိုင်း)
အဆောင်သူမမ
ရဲလေး(မဟုတ်ရပါဘူး)
အရေးမကြီးဘူး(လေးဖြူ)
Moon Light Shadow
ရှမ်းသီချင်း
မလာပါနဲ့
(ဆန်ရေ)
အစိမ်းရောင်ရက်စွဲများ
အလွမ်းပြေအနမ်း
ဒီလိုညထဲ
Stay With You(bunnyPhyo)
အဆင်ပြေပါစေ(ပူစူး)
ဒေါင်းလွဏ်း(အချစ်ကြီးသူ)
ကျုံးဘေးနားမှာ
အာဒံနဲ့ဧဝ
ရုန်းထွက်ချိန်(ရေးဆို။ညီမှုးအိမ်)
နတ်ဆိုး(ရေးဆို.ညီမှုးအိမ်)
(အဆောင်သူမမ)
(အဖြူသက်သက်)
သူငယ်ချင်း(ဥာဏ်လင်းအောင်)
သီချင်းမရှိတဲ့ဂစ်တာ
ကဗျာချစ်သူအတွက်ကာရံမညီသော
ငါသိပ်လွမ်းလို့ ..
နွေအိမ်မက်
မုန်းမေ့မရပါ
အချစ်လို့ခေါ်သလား
အဝေးရောက်ချစ်သူ - လွမ်းမင်းသား
နင်လိမ်လည်းငါချစ်တယ် - သုညလေး
ငါ့ရဲ့လမင်း(လေးဖြူ)
ရင်ခုန်စရာရှုခင်း(မျိုးကြီး)
ကိုယ့်ရဲ့ကွက်လပ်
ဆု....ထံသို့
ခလေးလေး
မ-အတွက်သီချင်း
ယုံမှာလား
ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး)
မိုးသည်းချိန်မှာ
Venus
အရိပ်ပမာမခွဲခွါ
တစ်စစီကျိုးပဲ့နေ
[ပုလဲမျက်ရည်]
ဝိုင်းဝိုင်း [နမ်းရှိုက်ခွင့်]
စိုင်းစိုင်းရဲ့ [လရိပ်ချို]
ပန်းကမ္ဘာမျှော်စင်
မိုးမိုး(ထွက်မပြေးကြေး)
မြန်မာမလေး၂
(ရိုးရိုးလေးပဲစဉ်းစား)
အဖေ (ဂျစ်လေးနဲ့ ၈ကြီး)
ထားခဲ့ပါ
(အချစ်မျက်ဝန်း)
JoHame-ပန်းတွေနိုးတဲ့နံနက်ခင်း
တယောက်သောသူအတွက်
(အမြဲတမ်းပဲမင်း)
မင်းကိုအရမ်းလွမ်းနေတယ်
ပန်းတွေနိုးတဲ့နံက်ခင်း
ထူးလျှံရဲ့ အလွမ်းတွေ
ချစ်သူသိပါစေ
တာရာ+ချမ်းချမ်း(မျက်စိမှိတ်ထားတယ်)
ခနတာ
ကျောင်းကြီးမပြီးခင်
ဒီကောင်မလေးအတွက်
စိတ်ကူးရွက်ကြွေ(အေသင်ချိုဆွေ)
သူငယ်ချင်းချစ်သူ
ရှိသည်ဖြစ်သည်ချစ်သည်
SomeTearsNeverDry
(အချစ်ဆုံးသူငယ်ချင်း)
ပြည့်စုံပါစေ(ဘိုဖြူ)
အဝေးတနေရာ
Hey Juliet
တကယ်ပုံပြင်(ရိုးရာ)
Cry On My Shoulder
ရင်ခွင်-ရိုးရာ+R-ဖြိုး
ကလေးဆိုးလေး-ထက်ယံ
သင်္ကြန်သီချင်း
ကြားလားကြားလား
မချစ်ဘူးလို့မပြောပါနဲ့=ဒိုးလုံး
လမ်းခွဲ(ဖိုးကာ)
သင်္ကြန်ဝိညာဉ်
မျှော်လင့်ခြင်းအတွက်
အလွမ်း
လေညာရပ်ကအချစ်
ဟန်ထူးလွင်ရဲ့ မယ်တင်
(အပြာရောင်ည)
အချစ်လျှော့မှာစိုး
အလွမ်းသင့်ပန်းချီ
ချာတိတ်ရဲ့ချစ်သူ
လျှို့ဝှက်ထားတယ်
တောင်းပန်ပါတယ်
တိုကျိုအိပ်မက်
အရူးအမူး
ငါဆက်ချစ်မဲ့သူ
မင်းလေးကိုအချစ်ဆုံး
ထာဝစဉ်
ဝိုင်းဝိုင်း[ဒူးထောက်ပြီ]
အခန်းဆက်အလွမ်း(ဟန်ထွန်း)
တင်ဇာမော်[အချစ်မရှိနေ့ရက်များ]
ဆောင်းဦးလှိုင်[သွားလိုက်တော့]
(သိမ်းထားခွင့်)
(မင်းကိုချစ်တယ်)
( အပျိုကြီး)
(ကမ္ဘာကျော်တဲ့စိတ်ကူး)
“မ” - ပူစူး
အရံလူ
(မျှော်လင့်ချက် )
(အိမ်မက်လေးလား)
(အမြဲတမ်းအတွက်)
မမေ့နိုင်သည့်အကြောင်းများ
ဆက်ရန်မရှိသူ ဘန်နီဖြိုး
မိုး သီချင်း
အသင့်ရှိသူ
(Hoping Love)Mc Wai Lin
ပြန်လာခဲ့ပါ
[ တောင်းပန်တယ်]
မျိုးကြီးရဲ့ [သူစိမ်းတစ်ယောက်ပါ]
ဟန်ထွန်း [အရင်က ဇာတ်လမ်း]
简单爱(တရုပ်သီချင်း)
40years
သက်ဆုံးတိုင်(Anonymous)
(I love u more)
အဝေးတနေရာ
cryonmyshoulder
အချစ်ငှက်ငယ်
အချစ်ငှက်
HeartBrokenValentine
ရှမ်းသီချင်း(ပိုခေ်း)
(မေ့မှာလား)
တကယ်ဆို
ကြေကွဲနေ့ညတွေ(19:18)
လမ်းမကြီးရဲ့ ဘေး(၀ိုင်းစု)
(နတ်သမီးပုံပြင်)
တိတ်တိတ်လေးပါပဲ
ကျေနပ်ပေးပါ
မင်းဆန္ဒ
ရင်ဆိုင်ကြပါစို့
ကိုလူဆိုး
(လေးဖြူဝိရောဓိ)
(ကြိုးကြာ)
အိမ်မက်နိဂုံး
ရှမ်းသီချင်း(လိုမ်းသေလု;)
အစိမ်းရောင်ရက်စွဲများ
(အလွမ်းကဖီး)
နွေဦး
အဆင်ပြေပါစေ
နွေ
ရင်ထဲကလာတဲ့သီချင်း
ပြည့်စုံခြင်း
(my love)
သတိ (လေးဖြူ)
Sailor Moon
မင်းနားလည်မှာပါ (ဒီလေး)
Death Note
တနေ့နေ့
နိဂုံးချုပ်အချစ်
အွန်လိုင်းချစ်သူ
ရိန်မိုး
I Love you
အလွမ်းဝင်္ဂဘာ
ဖြူစင်သောအချစ်
လိုက်ဖက်တဲ့ဘဝ
ပြန်ဆုံချိန်
(အပြစ်တစ်ခု ဖန်ဆင်းခြင်း)
ဘယ်လိုငြိမ်းသတ်ရမလဲ
မမြင်ကွယ်ရာ
အစဉ်ပြေပါစေ
ပတ်သက်ခွင့်ပြုပါ
တာရာ - အစဉ်အမြဲ
Beautiful Myanmar
ဖြစ်သလိုမေ့လိုက်ပေါ့
သိပ်ချစ်လို့ပါ
ကောင်မလေး
တိတ်တိတ်လေးပါပဲ
အလွမ်းသင့်ပန်းချီ -အောင်လ
င်္ခဂ်,(ရှမ်းသီချင်း)
မေတ္တာပန်း
(အသဲကွဲသီချင်း)
ထာဝရ(ဝိုင်ဝိုင်း)
စတား
ဒီကစောင်.နေသူ
ရှမ်းသီချင်းroze(လပ်းလင်)
အချစ်ဝေး
ဒီကောင်မလေးအတွက်
သူ
(ခေါ်သံ)
(သင်္ကြန်) သီချင်း
မင်းမှမင်း (လေးဖြူ)
Naruto
[ရှမ်းသီချင်း(roze)]
အားလုံး အိုကေ - လွှမ်းပိုင်
ကျိန်ပြောတတ်သူ
အဓိပတိခြေရာများ
မင်းမရှိလို့မဖြစ်
တိတ်တဆိတ်
Venus
အမိုက်ဆုံး (Remix)
NO.1
(ယုံကြည်ပေးပါ)
အရုပ်မ - Jenny
(ဆန့်ကျင်ဘက်)
(when you say nothing at all)
ရှမ်းသီချင်း(စိုင်းဆွန်ဟိုင်း)
နတ်သမီး
ချစ်သူအတွက်အလွမ်းပြေအနမ်း
သူင
အစုံ
http://saiaungmyat.blogspot.com အားပေးသူအားလုံး နေကောင်းပါစေ ရည်းစားနဲ့ အဆင်ပြေပါစေ shanlay475@gmail.com
saiaungmyat26@gmail.com
Twitter Bird Gadget
fish
Swimming fish